အဖွဲ့ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း
မသန်စွမ်းသူများ အခွင့်အရေးကိစ္စ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကိုယ်တိုင် မသန်စွမ်းသူများဖြစ်သော ဦးနေလင်းစိုး၊ ဦးအောင်ကိုမြင့်၊ ဒေါ်ယုယသူ၊ ဒေါ်မေခန့်ချစ်ခင်၊ နော်ဗြူးထေဘရိုက်နှင့် မသန်စွမ်းသူများအရေးကိစ္စ စိတ်ဝင်စားသူ ဒေါ်နွေးဇာခြည်စိုးတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝန်းရှိ မသန်စွမ်းသူများ အခွင့်အရေးတန်းတူညီမျှရရှိလာရေး၊ ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည် လာနိုင်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အပြည့်အ၀ ဝင်ဆံ့လာ နိုင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Initiative)ကို ၂၀၁၁ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် အဖွဲ့၏ဖွဲ့စည်းပုံအင်အားကို တိုးချဲ့ခဲ့ပြီး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ တရားဝင်အသင်းအဖွဲ့အဖြစ် စတင်မှတ်ပုံတင်ခဲ့ပါသည်။